နွေဦးပေါက်ရင် (ကဗျာဆရာစိတ်ကူး)
နွေဦးပေါက်ရင်ကြက်တူရွေးတစ်ကောင်မွေးမယ်သူ့ကို စကားတစ်ခွန်းတည်းသင်ပေးမယ်““ဆာတယ် ဆာတယ်””လို့။
နွေဦးပေါက်ရင်အော်စတင်ကားလေးမောင်းမယ်ဟစ်တလာမိန့်ခွန်းပြောသံကိုကားဟွန်းသံအဖြစ်တပ်ဆင်ထားမယ်တောင်ဘက်ပင်လယ်တွေဆီ ခရီးထွက်မယ်။
နွေဦးပေါက်ရင်သစ်ရွက်ကြွေတွေလိုက်ကောက်မယ်သစ်ရွက်ကြွေတွေပေါ်မှာအင်္ဂလိပ်ဘာသာနဲ့မင်းနာမည်ကို ငါရေးမယ်။
နွေဦးပေါက်ရင်ပြတင်းပေါက်တွေ အကုန်ဖွင့်မယ်ပုံပြင်တွေ အော်ဖတ်မယ်စိတ်ကောင်းလည်း ဝင်မယ်။
နွေဦးပေါက်ရင်ပြဇာတ်တစ်ပုဒ်ရေးမယ်စုဘူးလေးကိုခွဲမယ်ပြားစေ့လေးတွေ ရေတွက်မယ်။
တကယ်လို့ တော်တော်နဲ့နွေဦးမပေါက်သေးရင်လည်းကိစ္စမရှိပါဘူးဒီကဗျာကို လမ်းထိပ်က အပေါင်ဆိုင်မှာသွားပေါင်မယ်ပြီးတော့ ခပ်ဟောင်းဟောင်းစောင်တစ်ထည်ဝယ်ခြုံနေမယ်ကွယ်။ ။
နေမျိုး
Podchaser is the ultimate destination for podcast data, search, and discovery. Learn More