#စောင့်ရခြင်း
ငါ့ချစ်သူလာလိမ့်မယ် လက်လေးတွေဆန့်တန်းဖွင့်လှစ်လိုက်ပြီးငါ့ကိုဖက်သိုင်းလိမ့်မယ်။
ငါ့ကြောက်စိတ်များကို နားလည်မယ်ငါ့အပြောင်းအလဲတွေကို လေ့လာလိမ့်မယ်။
သွန်းချလာတဲ့အမှောင်ထဲကနေပိန်းပိတ်မှောင်တဲ့ညထဲကနေ တက္ကစီတံခါးကိုတောင် ဆောင့်မပိတ်အားတော့ဘဲဆွေးမြေ့နေတဲ့ တံခါးမုဒ်ကို ဖြတ်ကာ အပေါ်ထပ်ကို အပြေးကလေးတက်လာမယ်။မေတ္တာရယ်၊ မေတ္တာရဲ့ချမ်းမြေ့မှုရယ်နဲ့ လောင်ကျွမ်းလို့ပဲ။
မိုးရေ တစက်စက်ကျရင်း အပေါ်ကိုပြေးတက်လာမယ်တံခါးကိုမခေါက်တော့ဘူး။
ငါ့ဦးခေါင်းကို သူ့လက်ကလေးတွေနဲ့ ပွေ့ယူလိုက်မယ်။ပြီး သူ့အပေါ်အင်္ကျီကို ကုလားထိုင်ပေါ် ပစ်ချလိုက်တဲ့ခါ ကြမ်းပြင်အပေါ်ကို လျှောကျသွားပြီး ပြာလဲ့လဲ့အပုံတစ်ပုံ ဖြစ်သွားလိမ့်မယ်။
#ယက်ဖ်တူရှင်ကိုYevgeny Yevtushenko - Waiting#မောင်သာနိုး - ဘာသာပြန်
Podchaser is the ultimate destination for podcast data, search, and discovery. Learn More